Credit to - Ko Htut

Batteries နှင့် Cells များသည် DC ဗို့အားကို ထောက်ပံ့ပေးသော လျှပ်စစ်ပစ္စည်းများဖြစ်ကြသည်။
ဗို့အား၏ အဓိပါယ်မှာ Potential စွမ်းအားခြားနားခြင်းဖြစ်၍ Batteries နှင့် Cells များကို လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးသော ပင်ရင်းများဖြစ်ကြသည်။

ထို့အပြင်ပါဝါသည်စွမ်းအင်အသုံးပြုသောနှုန်းဖြစ်သဖြင့် ၄င်းပစ္စည်းကိရိယာများကို Power Sources ဟူ၇်ျလည်း ခေါ်ကြသည်။

လျှပ်ငုတ်နှင့်သင်္ကေတ
Cell တစ်ခုသည် ဓာတုနည်းဖြင့်လျှပ်စစ်ဓာတ်ထုတ်ပေးသောကစ္စည်းကိရိယာ
ဖြစ်၍ ကွဲပြားခြားနားသော သတ္တုများဖြင့်ပြုလုပ်ထားသော လျှပ်ငုတ် နှစ်ခုပါရှိပြီး လျှပ်လိုက်ရည်
electrolyte ပါရှိသည်။
ဓာတုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးသော အရေအတွက် (Unit) တစ်ခုကို Cell ဟုခေါ်သည်။
လျှပ်ငုတ်များနှင့် လျှပ်လိုက်ရည်များ၏ ဓါတ်ပြုမှုကြောင့် လျှပ်စစ်ဗို့အားဖြစ်ပေါ်
လာရသည်။ဘက်ထရီတစ်ခုတွင် Cell နှစ်ခု (သို့) နှစ်ခုထက်ပိုသော Cell များကို အတူတကွ ဆက်သွယ်ထားပြီး ယူနစ်တစ်ခုတည်းဖြစ်ရန် ထုတ်ပိုးထားသည်။
လက်တွေ့မှာတော့ ဘက်ထရီတစ်ခုတွင် နှစ်ခု (သို့) နှစ်ခုထက်ပိုသော Cell များပါဝင်သောကြောင့် ဘက်ထရီတစ်လုံးသည် Cell တစ်ခုတည်း (သို့) Cell များ၏ အစုအပေါင်းကိုဆိုလိုပါသည်။

နည်းပညာ ဗဟုသုတများ တိုးပွားကြပါစေ။
I will be Happy somebody useful.

Post By : Ko Htut 

0 ဝေဖန်ဆွေးနွေးမှု :

Post a Comment

 
Top