Credit to - www.maungpauk.org

မိတ်ဆွေတစ်ယောက်က Pagemaker ကနေ PDF ဖိုင်ကို လွယ်လွယ်လေး ပြုလုပ်ချင်တယ်ဆိုလို့ PDF maker တွေ အများကြီးထဲက ကျွန်တော်သုံးနေတဲ့ Nova PDF Maker ကို အသုံးပြုပြီး ရှင်းပြသွားပါမယ်..
1. လိုအပ်တဲ့ Nova ကို အောက်က လင့်မှာ ဒေါင်းပါ..

 

2. ဒေါင်းပြီးရင် Setup နဲ့ Install လုပ်လိုက်ပါ.. ဒါဆိုရင် Start ကိုနှိပ်ပြီး Devices and Printer ကိုနှိပ်ကြည့်လိုက်ပါ.. novaPDF နာမည်နဲ့ Printer တစ်လုံးရောက်နေတာကို တွေ့ရပါမယ်.. ကီးတွေ မထည့်သေးဘူးနှော်..

3. PDF လုပ်ချင်တဲ့ (Pagemaker, Word, Powerpoint, Excel , Photoshop, Photo, Jpg ဘယ်ဖိုင်ကို မဆို) ဖိုင်ကို ဖွင့်ပြီး Print ထုတ်ဖို့ command ပေးလိုက်ပါ.. File > Print ( Ctrl + P ) ပေါ့. Print ထုတ်ဖို့ ဘောက်တစ်ခု ကျလာပါမယ်.. အဲဒီဘောက်ထဲက Printer နေရာမှာ novaPDFကို  ရွေးပေးလိုက်ပါ..



4. ပြီးရင် Setup ကိုနှိပ်လိုက်ပါ.. ကျလာတဲ့ Print Perferences Box မှာ အပေါ်က About ဆိုတဲ့ Tab ကိုနှိပ်ပြီး ဘယ်ဘက်အောက်နားက Register ကိုနှိပ်ရင် Username နဲ့ Key ထည့်ဖို့ဘောက်ကျလာပါမယ်.. ဒေါင်းလို့ရလာတဲ့ထဲက နာမည်နဲ့ ကီးကိုဖြည့်ပြီး OK လိုက်ပါ. ( ကီး မထည့်ခင် အင်တာနက်ပိတ်ထားဖို့ မမေ့ပါနဲ့ )

 


5. ပြီးရင် ဒီ Print Perferences Box မှာ အပေါ်က Page ဆိုတဲ့ Tab ကိုနှိပ်ပြီး ထုတ်မယ့် တစ်ခု ရရှိပြီဖြစ်ပါတယ်..စာရွက်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်.. ပြီးသွားရင်တော့ OK ကိုနှိပ်ပါ.. ပြီးရင် Print ကိုနှိပ်လိုက်ပါ.. ထုတ်လိုက်တဲ့ PDF ကို ဘယ်မှာသိမ်းမလဲ ကိုယ့်ဟာကိုရွေးနိုင်ပါတယ်.. Next နဲ့ OK ကိုဆက်နှိပ်သွားရင်း PDF ကောင်းကောင်းတစ်ခုရရှိပါပြီ။




0 ဝေဖန်ဆွေးနွေးမှု :

Post a Comment

 
Top