Credit to - http://thusayyar.blogspot.com  & http://winkabarkyaw.net



 Firmware ဆိုတာ Hardware ကိရိယာထဲ ထည့်သွင်းမြှုပ်နှံပါရှိတဲ့ ကွန်ပျူတာပရိုဂရမ်ကို ဆိုလိုတယ်။ ဥပမာအားဖြင့် Micro Controller လိုအရာမျိုး။ အမည်က ရည်ညွှန်းတဲ့ အတိုင်း Firmware က Hardware နဲ့ Software ကြားကျတဲ့ နေရာ တစ်နေရာရာမှာရှိပါတယ်။ software လိုပဲ ၎င်းဟာ Micro Processor ဒါမှမဟုတ် Micro Controller က လည်ပတ် လုပ်ဆောင် ပေးရတဲ့ ကွန်ပျူတာ ပရိုဂရမ် တစ်ခုဖြစ်တယ်။ ဒါပေမယ့် Hardware ပိုင်းအစနဲ့ တင်းကျပ်စွာ ချိတ်ဆက်နေတဲ့ အတွက် ပြင်ပမှာ ဘာအဓိပ္ပာယ်မျှ မရှိဘူး။

ခေတ်ပေါ် စနစ်တွေမှာ ချိတ်ဆက်တတ်ဆင်တဲ့ ကိရိယာ အများစုဟာ သူတို့ကိုယ်နှိုက်က ကိုယ်ပိုင် Software ကို Run တဲ့ အထူးပြု ကွန်ပျူတာ တွေ ဖြစ်တယ်။ ဒီကိရိယာထဲက တစ်ချို့ ဟာ ROM အတွင်း Software (”firmware”) သိမ်းဆည်း ပါရှိတယ်။ ဒါပေမယ့် နှစ်တွေကြာညောင်း လာတော့ Firmware ကို အိမ်ရှင် Host System မှ ခေါ်တင်ရခြင်းဟာ ဈေးလည်း သက်သာ၊ ပြင်လွယ် ပြောင်းလွယ်ဖြစ်ကြောင်း ထုတ်လုပ်သူ တွေက တွေ့ရှိလာတယ်။
 ရလဒ် အဖြစ် လက်ရှိ Hardware အများစုဟာ ၎င်းလိုအပ်တဲ့ Firmware ကို Host ကွန်ပျူတာတွေထဲ မသွင်းမချင်း အသုံးပြုနိုင်လောက်အောင် မလုပ်ဆောင်ဘူး။ ဒီလို Firmware အလုပ်ဝန်ကို Device Driver ကကိုင်တွယ်ပေးပါတယ်..

အများအားဖြင့် Firmware တွေရဲ့ ဗားရှင်းကို ယင်း ပါဝင်တဲ့ ကိရိယာပစ္စည်းလေးများမှာ ထည့်သွင်းဖော်ပြထားတတ်ပါတယ်။

0 ဝေဖန်ဆွေးနွေးမှု :

Post a Comment

 
Top