Credit to - Nyein Chan(TSJ Tech Team)

ScanDisk Ultra microSDXC 128GB

ScanDisk က ကမ္ဘာ့အသေးဆုံးသော 128GB micorSDXC ကဒ်ကိုထုတ်လုပ်ခဲ့ပြီး မိုဘိုင်း devices များမှာ data များပိုမို သိုလှောင်သိမ်းဆည်းနိုင်တော့မှာဖြစ်ပါတယ်။ယင်းကဒ်ကို ပြီးခဲ့သည့် MWC 2014 တွင်ပြသခဲ့ပြီး ScanDisk Ultra microSDXC UHS-I က သိုလှောင်သိမ်းဆည်းနိုင်သောပမာဏအများဆုံးဖြစ်သည့် ကမ္ဘာ့အသေးဆုံး microSDXC ကဒ်ဖြစ်လာခဲ့သည်။

များစွာသော ဖုန်းနဲ့ တက်ဘလက်ဖုန်းသုံးစွဲသူများအဖို့ သိုလှောင်သိမ်းဆည်းထားနိုင်မှု က အကန့်အသတ်ဖြင့်သာရှိနေပြီး ဗီဒီယိုကင်မရာများကမူ များစွာသော နေရာ များကိုသုံးစွဲနိုင်နေပြီဖြစ်ပါသည်။
Android စမတ်ဖုန်းနဲ့တက်ဘလက်များအတွက် ဒီဇိုင်းလုပ်ထားတဲ့ ScanDisk Ultra microSDXC ကဒ်ဟာ Full HD Video များကိုရိုက်ကူးနိုင်မည်ဖြစ်ပြီး အရည်အသွေးမြင့် digital ဓာတ်ပုံများကို လည်းရိုက်ကူးနိုင်မည်ဖြစ်သည်။

ScanDisk ရဲ့ လက်လီအရောင်းမြှင့်တင်ရေးပိုင်းမှ Susan Park မှ 2004 ခုနှစ်တုန်းကထုတ်ခဲ့တဲ့ 128MB သိုလှောင်သိမ်းဆည်းနိုင်မယ့် microSD card များထက် သိုလှောင်မှုပမာဏအဆ ၁၀၀၀ ပိုများလာခဲ့ခြင်းဖြစ်ပါတယ်လို့ဆိုပါတယ်။

ScanDisk က ယခုကဲ့သို့အဆ ၁၀၀၀ အား ဆယ်စုနှစ်တစ်ခုထက်နည်းသော အချိန်ကာလအတွင်းမြှင့်တင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ Write speed က45MB/s ဖြစ်ပြီး အဆင့်မြင့် functionများဖြစ်သည့် fast action shots, continuous burst mode နဲ့ multiple frames per second များအတွက် အသုံးချနိုင်စေမယ့် အမြန်နှုန်းပဲဖြစ်ပါတယ်။

128 GB ဗားရှင်းက ScnaDisk Ultra microSD memory cards များထဲမှာ ဈေးအကြီးဆုံးဖြစ်ပါတယ်။ SSD တစ်ခုနဲ့ဈေးနှုန်းချင်းမတိမ်းမယိမ်းရှိကာ $199.99(£221,or AUS$180 ပတ်လည်) ခန့်ရှိပါတယ်။ ယခုအခါမှာတော့ 128GB ScanDisk Ultra micorSDXC ကဒ်ကို BestBuy.com နဲ့ Amazon.com တို့မှာဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။



Nyein Chan(TSJ Tech Team)
 

0 ဝေဖန်ဆွေးနွေးမှု :

Post a Comment

 
Top