Thank You!


Credit to - Iric Hong


Redmi Note 3 မှာ မူကွဲ (၃)မျိုး ထွက်ပါတယ်။
1.Redmi Note 3(MTK) - Henessey
2.Redmi Note 3 Pro - Kenzo
3.Redmi Note 3 Pro (Special Edition) - Kate

1.Redmi Note 3(MTK) ကို ဒီအတိုင်း Redmi Note 3 လို့ပဲ ခေါ်ကြပါတယ်။ MTK chipsets သုံးထားတာဖြစ်ပါတယ်။
ကျန်တဲ့ကောင်တွေက Snapdragon နဲ့ပါ။
ဒီကောင်က Sd card စိုက်မရပါဘူး။
2.Redmi Note 3 Pro ကတော့ လောလောဆယ် ဈေးကွက်ထဲ ရောင်းနေကြပါတယ်။
Hybrid Sim slot နဲ့မို့ Sim ၂ကဒ် ဒါမှမဟုတ် Sim ၁ကဒ်၊ Sd card တစ်ကဒ် စိုက်လို့ရပါတယ်။
လောလောဆယ် Android version 5.1.1 နဲ့ ဖြစ်ပြီး Developer Rom တင်ရင်တော့ Android version 6.0 ထိ မြှင့်လို့ရမှာ ဖြစ်ပြီး Dual 3G support လုပ်သွားမှာ ဖြစ်ပါတယ်။ Stable မှာ Dual 3G support လုပ်မှ update လုပ်စေချင်ပါတယ်(အတက် အဆင်း network issue ရှိတယ် ဆိုကြလို့ပါ။)
3.Redmi Note 3 Pro (Special Edition) ကိုတော့ Official Authorized Distributor ကနေ ဖြန့်ဖြူးရောင်းချနေတယ် သိရပါတယ်။ ထိုင်ဝမ်မှာ သီးသန့်ရောင်းတာပါ။ Network band(frequency) ပိုများများ support လုပ်တယ် ပြောပါတယ်။
Redmi Note 3 Pro (Special Edition) နဲ့ ရိုးရိုး Redmi Note 3 Pro ရဲ့ ကွာခြားချက်ကတော့ Network band(frequency) , Android version နဲ့ Size ပါ။
ပြီးတော့ dual 3G support မလုပ်ပါဘူး။
Android version 6.0 ဖြစ်နေတာကလွဲရင် ကျန်တာတွေက အတူတူလောက်ပဲလို့ ပြောလို့ ရပေမယ့် Size ကြီးနေတာကတော့ ပြဿနာတစ်ခု ဖြစ်နိုင်တယ်။
Redmi Note 3 နဲ့ Redmi Note 3 Pro က 150mm အမြင့်ရှိပြီး Redmi Note 3 Pro (Special Edition)ကတော့ 152mm အမြင့် ရှိပါတယ်။
ဒါကြောင့် Redmi Note 3 Pro (Special Edition)အတွက် ဆံ့တဲ့ ကာဗာ ဝယ်လို့ ရမှာ မဟုတ်ပါဘူး။
firmware flash တဲ့အခါလည်း သတိထားဖို့ လိုပါလိမ့်မယ်။
Redmi Note 3(MTK)ကို Sim Tray ကြည့်ပြီး ခွဲနိုင်ပါတယ်။
အထဲမှာ micro sim ၂ကဒ်ပဲ ထည့်လို့ရပါတယ်။
Redmi Note 3 Pro (Special Edition) နဲ့Redmi Note 3 Pro ကတော့ Stable rom မှာ Android version ကြည့်ခွဲလို့ ရပါတယ်။
Redmi Note 3 Pro (Special Edition) ဆိုရင် Android version 6.0 ပါ
Redmi Note 3 Pro ဆိုရင် Android version 5.1.1 ပါ။
Redmi Note 3 Pro နဲ့တိုင်းကြည့်ရင် Redmi Note 3 Pro (Special Edition) က 2mm ပိုရှည်နေမှာ ဖြစ်ပါတယ်။
ပြီးတော့ Redmi Note 3 Pro (Special Edition) က MIUI8 မရသေးပါဘူး။
အဲ့တော့ ရောင်းရင် Global Delevoper rom တင်ပေးပြီး ရောင်းပါတယ်။
သူလိုကိုယ်လို အေးဆေး သုံးချင်ရင်တော့ PI ကိုသာဝယ် 😁😁
Official ဆိုတာကြီးကို ကြည့်ကြပ်ဝယ်ကြပါ :P
#TelefonoMobileHouse
#KateIsTall
#Kate_is_tall


Thank You!
 

0 ဝေဖန်ဆွေးနွေးမှု :

Post a Comment

 
Top