ဆွေးနွေးပွဲ အနှစ်ချုပ်
1. မေးခွန်းပုံစံနဲ့ အမှတ်ခွဲဝေပုံတွေ ပြောပြပါတယ်။
2. နမူနာမေးခွန်းကို အဖြေစဉ်းစားပုံကအစ အသေးစိတ်ရှင်းပြပါတယ်။
3. No. VI. (A) ရဲ့ မေးခွန်းမှာ bold faced words ရဲ့ same meaning ရှာရာမှာ ကွက်လပ်ရှေ့က နံပါတ် a. b. c. d. e ပေးထားတာက မှားရိုက်ထားတာပါတဲ့။ နံပါတ် 1,2,3,4,5 နဲ့ပဲ တပ်ရပါမယ်။ a
4. No. I , initial letter အတွက် Text ထဲက bold faced words တွေကို အောင်မှတ်အတွက် အလေးပေး ကြည့်ရပါ မယ်။ ဂုဏ်ထူးသမားအတွက်ကတော့ common vocabulary, word form နဲ့ စကားလုံးတစ်လုံးရဲ့ positive and negative senses ကို စဉ်းစားတတ်အောင် လေ့ကျင့်ပေးထားရမယ်။
5. No. II Choose the appropriate words or phrases ဆိုတဲ့ မေးခွန်းမှာ A. B. C နဲ့ဖြေလည်း အမှတ်ပေးမယ်။ နောက်မှာ အဖြေပါလည်းရတယ်။ အဖြေချည်းပဲရေးလည်းရတယ်။ ဖြေဆိုရာမှာရှင်းလင်းတဲ့အဖြေဖြစ်ဖိုလိုတယ်။ A လိုလို B လိုလို C လိုလို ထပ်ရေးတာမျိုးအမှတ်လျော့နိုင်တယ်။ Text ထဲက စကားလုံးတွေ ကို စာကြောင်းရဲ့ content နဲ့အညီ ရွေးချယ် တတ်ဖိုလိုတယ်။ ဝေါဟာရတစ်ခုရဲ့ synonym antonym တွေ စဉ်းစားတတ်အောင်လေ့ကျင့်ပေးထားရမယ်။ ပြီးရင် Grammar ပိုင်းထဲက articles, phrasal verbs, to infinitive or bare infinitive or gerund, adjective, conditionals, modal verbs and subordinating clauses စတဲ့ grammar point တွေကို လေ့ကျင့်ပေးထားရမယ်။
6. No. III Grammar ကတော့ Grade 10, 11, 12 သုံးအုပ်ထဲက ကြည့်ရမယ်။ အဓိက ဆွေးနွေးမေးမြန်းကြရာမှာ being V3 (ဥပမာ being shocked) နဲ့ V3 (ဥပမာ filled with pride) တို ကွဲပြားပုံကို ပြောသွားတယ်။ being ပါပါ မပါပါ အမှတ်ပေးမယ်ဆိုပေမယ့် ဆရာက marking ထုတ်မှာမဟုတ်တော့ မသေချာပါဘူး။ ပထမဆုံးနှစ်မို အဆင်ပြေမှာပါလိုတော့ ဆွေးနွေးသွားပါတယ်။
Not only but also မှာ ပုံစံသတ်မှတ်ပေးမထားရင် နှစ်မျိုးလုံးအမှတ်ပေးပါတယ်။ Comma (,) ကျန်လိုမရပါ။
As if/ as though မှာ grade 11 text က exercise က အဆင်ပြေပေမယ့် grade 12 text က exercise ကတော့ အစ ပေးထားတာမို အဆင်မပြေပါဘူး။ verb ကို ပြန်ခေါ်တတ်အောင်သင်ပေးရမယ်။
Relative clause က Non-defining ဖြစ်ရင် comma ( , ) ပါရပါမယ်။
7. No. IV (A) Poem ကွက်လပ်ကို ဖြေဆိုရာမှာ ကဗျာထဲက spelling အတိုင်းပဲဖြစ်ရပါမယ်။ paraphrase ဖြေရင်တော့ British English နဲ့ ဖြေပေးရပါမယ်။ (ဥပမာ- traveler – traveller from “the Road Not Taken”)
No. IV (B) question & answer အတွက် text exercise ထဲကလည်းမေးနိုင်သလို ဖတ်ထားတဲ့စာပိုဒ်ထဲက ဉာဏ်စမ်းလဲ မေးနိုင်တယ်။ ပထမဆုံးနှစ်မို တအားမလှည့်လောက်ဘူးလဲ ပြောပါတယ်။
8. Letter နဲ့ Essay ကတော့သတ်မှတ်စာလုံးရေထက် ၂၀ လောက်ပိုရေးနိုင်တယ်။ လျော့တာအတွက်ထည့်မပြောပါ။ အမှတ်ပေးရာမှာ word choice, organization, GSP နဲ့ sentence patterns ကို ကြည့်ပြီးပေးမှာ ဖြစ်ပါတယ်။ ဖြေဆိုမယ့် ကျောင်းသားအနေနဲ့ ခဲတံလေးနဲ့ အကြမ်းအရင် လျာထား, edit လုပ်ပြီးမှ အချောရေးသင့်ကြောင်း အကြံပေးသွားပါတယ်။ ဂုဏ်ထူးမှတ်ရတဲ့ ကျောင်းသားရဲ့ essayကိုတော့ စာလုံးရေ ရေတွက်ပါတယ်။
Subscribe to:
Post Comments
(
Atom
)
0 ဝေဖန်ဆွေးနွေးမှု :
Post a Comment